Skip to content

Accounting feature

Financial Overview

လက်ရှိငွေ၊ ဝင်ငွေ၊ ထွက်ငွေနဲ့ ကျန်ငွေတွေကို ခြုံကြည့်နိုင်မယ်

Product ကို ပြန်ကြည့်မယ် ←

ဘာအတွက် သုံးတာလဲ

ဆိုင်မှာ ငွေဘယ်လောက်ရှိလဲ၊ ဘယ်လောက်ရဖို့ ကျန်လဲနဲ့ ဘယ်လောက်ပေးရမလဲဆိုတာကို တွဲသိဖို့ လိုတယ် Financial Overview က လုပ်ငန်းရဲ့ ငွေကြေးအခြေအနေကို တစ်နေရာတည်းမှာ ခြုံကြည့်နိုင်တာပါ ရပြီးသားငွေနဲ့ ရဖို့ကျန်တဲ့ငွေကို ခွဲပြပေးလို့ လက်ရှိသုံးနိုင်တဲ့ ငွေအခြေအနေကို ပိုနားလည်နိုင်တယ်

ဘယ်လို အလုပ်လုပ်လဲ

ကိုယ်ကြည့်ချင်တဲ့ ကာလကို ရွေးပြီး လက်ခံရရှိတဲ့ငွေနဲ့ ပေးချေပြီးတဲ့ငွေကို စုကြည့်နိုင်တယ် Cash၊ Bank နဲ့ Wallet လို Account တွေရဲ့ လက်ကျန်ကိုလည်း ကြည့်နိုင်တယ် ရရန်နဲ့ ပေးရန် ကျန်ငွေတွေကို သီးခြားခွဲကြည့်ပြီး ဆက်စစ်ချင်တဲ့ စာရင်းဆီ သွားနိုင်တယ် အချက်တွေကို Income၊ Expense နဲ့ Payment Record တွေအပေါ် အခြေခံပြီး စုပြပေးတာပါ

ကိုယ့်လုပ်ငန်းအတွက် ဘာကူညီပေးလဲ

စာရင်းတစ်ခုချင်း ဖွင့်ကြည့်မနေဘဲ လုပ်ငန်းရဲ့ ငွေအခြေအနေကို မြန်မြန် သိနိုင်မယ် ရဖို့ကျန်တဲ့ငွေနဲ့ လက်ထဲရှိတဲ့ငွေကို ခွဲကြည့်နိုင်လို့ ပေးရမယ့် စရိတ်အတွက် ကြိုစီစဉ်ရ ပိုလွယ်တယ် နေ့စဉ် ဒါမှမဟုတ် လကုန် ပြန်စစ်တဲ့အခါ ဆက်ကြည့်ဖို့ လိုတဲ့ အပိုင်းကို အရင်သိနိုင်တယ်

လက်တွေ့မှာ ဒီလို အသုံးဝင်တယ်

လကုန်မှာ ဆိုင်ငှားခနဲ့ Supplier ဖိုး ပေးဖို့ စီစဉ်နေတယ်လို့ စဉ်းစားကြည့်ပါ Overview ကနေ ဘယ် Account မှာ ငွေဘယ်လောက်ရှိပြီး Customer ဆီက ဘယ်လောက်ရဖို့ ကျန်လဲဆိုတာ ခြုံကြည့်နိုင်တယ် ရရန်ငွေ မဝင်သေးရင် လက်ရှိလက်ကျန်ကို အခြေခံပြီး ဘယ်စရိတ် အရင်ပေးမလဲ စီစဉ်နိုင်တယ် မရှင်းတဲ့ ပမာဏကိုတော့ သက်ဆိုင်တဲ့ Record နဲ့ Payment ထိ ပြန်စစ်သင့်တယ်

သိထားဖို့နဲ့ ကိုယ်တိုင် ထိန်းထားဖို့

ရလဒ်က ထည့်ထားတဲ့ Record၊ Opening Balance နဲ့ Payment အပေါ် မူတည်တယ် စာရင်းမသွင်းထားတဲ့ ငွေလှုပ်ရှားမှုကို Overview က မသိနိုင်ဘူး မရသေးတဲ့ ငွေကို ရပြီးသားငွေနဲ့ ခွဲကြည့်ဖို့ လိုတယ် ဘဏ်လက်ကျန်ကို အလိုအလျောက် စစ်ပေးတာ မဟုတ်လို့ တကယ်ရှိတဲ့ငွေနဲ့ ပုံမှန်တိုက်စစ်သင့်တယ်