တူညီတဲ့မေးခွန်းတွေကို အကြိမ်ကြိမ် ဖြေနေစရာ လျော့သွားမယ်
ပစ္စည်းဈေးနှုန်း၊ ပစ္စည်းအကြောင်းနဲ့ ဆိုင်ရဲ့ဝန်ဆောင်မှုတွေကို ဖောက်သည်မေးတဲ့အခါ ထည့်ထားတဲ့အချက်အလက်အပေါ် အခြေခံပြီး AI က ပြန်ဖြေပေးနိုင်ပါတယ်
BILLIONS+ / AI Sales Agent
ပစ္စည်းအကြောင်းမေးတာကနေ Order လက်ခံတဲ့အထိ ဆိုင်ရဲ့အချက်အလက်ကို အခြေခံပြီး AI က ကူညီပေးပါတယ် ထပ်တလဲလဲ ဖြေနေရတဲ့အလုပ်တွေ လျော့သွားပြီး ကိုယ့်လုပ်ငန်းအတွက် အချိန်ပိုရလာနိုင်ပါတယ်
ကိုယ့်လုပ်ငန်းအတွက် မေးမြန်းမယ်
ဘာအတွက် သုံးတာလဲ
Billions+ AI Sales Agent က Messenger နဲ့ Telegram မှာ ဖောက်သည်တွေကို ပြန်ဖြေပေးတဲ့ AI အရောင်းအကူပါ ကိုယ်ထည့်ထားတဲ့ ပစ္စည်းစာရင်း၊ ဈေးနှုန်းနဲ့ ဆိုင်အချက်အလက်တွေကို သုံးပြီး မေးခွန်းတွေ ဖြေပေးနိုင်ပါတယ် Order အတွက် လိုအပ်တဲ့အချက်တွေကိုလည်း စုစည်းပေးလို့ ဖောက်သည်နဲ့ စကားပြောတဲ့အလုပ်ကို တစ်ယောက်တည်း အမြဲစောင့်ကြည့်နေစရာ လျော့သွားပါတယ်
ဘယ်လိုကူညီပေးနိုင်လဲ
ပစ္စည်းဈေးနှုန်း၊ ပစ္စည်းအကြောင်းနဲ့ ဆိုင်ရဲ့ဝန်ဆောင်မှုတွေကို ဖောက်သည်မေးတဲ့အခါ ထည့်ထားတဲ့အချက်အလက်အပေါ် အခြေခံပြီး AI က ပြန်ဖြေပေးနိုင်ပါတယ်
ပို့ဆောင်ရေး၊ ငွေပေးချေမှုနဲ့ ဆိုင်စည်းမျဉ်းတွေကို ထည့်ထားနိုင်ပါတယ် ပြန်ဖြေပုံကိုလည်း ကိုယ့်ဆိုင်နဲ့ သင့်တော်အောင် ပြင်ဆင်နိုင်ပါတယ်
ဖောက်သည်နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာနဲ့ အရေအတွက်လို အချက်တွေကို ဘာတွေလိုအပ်လဲ သတ်မှတ်ထားနိုင်လို့ Order ပြန်စစ်တဲ့အခါ ပိုအဆင်ပြေပါတယ်
ဖောက်သည်နဲ့ AI ပြောထားတာကို ပြန်ကြည့်နိုင်ပါတယ် ကိုယ်တိုင်ဖြေချင်တဲ့အခါ AI ကိုရပ်ပြီး ဝင်ဖြေနိုင်သလို လိုအပ်တဲ့အခါ AI ကို ပြန်ဖြေခိုင်းနိုင်ပါတယ်
ကိုယ့်လုပ်ငန်းနဲ့ သင့်တော်လား
စိတ်ချလက်ချ အသုံးပြုဖို့
ဆိုင်ရဲ့အချက်အလက်နဲ့ ပြန်ဖြေပုံကို ကိုယ်က သတ်မှတ်ပေးနိုင်ပါတယ် AI ပြောထားတာကို ပြန်ကြည့်ပြီး လိုအပ်တဲ့အခါ ကိုယ်တိုင် ဝင်ကူညီနိုင်ပါတယ်
Inside AI Sales Agent
Explore how customer memory and business knowledge support your sales conversations.
သိချင်တာလေးတွေ
ကိုယ်ထည့်ထားတဲ့ ပစ္စည်းစာရင်းနဲ့ ဆိုင်အချက်အလက်တွေကို အခြေခံပြီး ဖြေပါတယ် ဈေးနှုန်းနဲ့ ဆိုင်စည်းမျဉ်းတွေ ပြောင်းတဲ့အခါ အချက်အလက်တွေကိုလည်း ပြန်ပြင်ထားသင့်ပါတယ်
Facebook Messenger နဲ့ Telegram ကို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ် ကိုယ့်လုပ်ငန်းမှာ အသုံးပြုမယ့် Channel အတွက် ပြင်ဆင်ရမယ့်အချက်တွေကို မေးမြန်းနိုင်ပါတယ်
ရပါတယ် စကားဝိုင်းထဲမှာ AI ကိုရပ်ပြီး ကိုယ်တိုင် ဝင်ဖြေနိုင်ပါတယ် ပြီးတဲ့အခါ AI ကို ပြန်ဖြေခိုင်းနိုင်ပါတယ်
Order အချက်အလက်တွေကို ပြန်ကြည့်နိုင်ပါတယ် Order ကို ကိုယ်တိုင်စစ်ပြီး အတည်ပြုမှ ဆက်လုပ်ဖို့လည်း သတ်မှတ်ထားနိုင်ပါတယ်
ကိုယ့်ဆိုင်မှာ AI Sales Agent ကို ဘယ်လိုအသုံးပြုလို့ရမလဲ သိချင်ရင် စကားပြောကြည့်ရအောင်
ကိုယ့်လုပ်ငန်းအတွက် မေးမြန်းမယ်