ဝင်ငွေနဲ့ အသုံးစရိတ်ကို စနစ်တကျ မှတ်ထားမယ်
ဘယ်ကနေ ငွေဝင်လာလဲ ဘာအတွက် သုံးလိုက်လဲဆိုတာ အမျိုးအစားအလိုက် မှတ်ထားနိုင်ပါတယ် ပြေစာနဲ့ အထောက်အထားတွေကိုလည်း တွဲသိမ်းထားနိုင်ပါတယ်
BILLIONS+ / Accounting Software
ဝင်ငွေ၊ အသုံးစရိတ်နဲ့ ငွေပေးချေမှုတွေကို မှတ်ထားပါ ဘယ်သူ့ဆီက ငွေရဖို့ကျန်လဲ ဘယ်သူ့ကို ပေးဖို့ကျန်လဲဆိုတာ ပြန်ကြည့်နိုင်လို့ လုပ်ငန်းရဲ့ ငွေအခြေအနေကို ပိုသိထားနိုင်ပါတယ်
ကိုယ့်လုပ်ငန်းအတွက် မေးမြန်းမယ်
ဘာအတွက် သုံးတာလဲ
Billions+ Accounting Software က လုပ်ငန်းရဲ့ ငွေဝင်ငွေထွက်နဲ့ ရရန်၊ ပေးရန်စာရင်းတွေကို မှတ်ထားဖို့ သုံးတဲ့ Software ပါ ရောင်းရငွေက စာအုပ်ထဲမှာ၊ အသုံးစရိတ်က စာရွက်လေးတွေမှာ၊ အကြွေးစာရင်းက ဖုန်းထဲမှာ ဖြစ်နေမယ့်အစား တစ်နေရာတည်းမှာ စုထားပြီး လိုအပ်တဲ့အချိန် ပြန်ကြည့်နိုင်ပါတယ်
ဘယ်လိုကူညီပေးနိုင်လဲ
ဘယ်ကနေ ငွေဝင်လာလဲ ဘာအတွက် သုံးလိုက်လဲဆိုတာ အမျိုးအစားအလိုက် မှတ်ထားနိုင်ပါတယ် ပြေစာနဲ့ အထောက်အထားတွေကိုလည်း တွဲသိမ်းထားနိုင်ပါတယ်
ဖောက်သည်ဆီက ရဖို့ကျန်တဲ့ငွေနဲ့ Supplier ကို ပေးဖို့ကျန်တဲ့ငွေကို ခွဲကြည့်နိုင်ပါတယ် တစ်စိတ်တစ်ပိုင်း ပေးချေထားတာနဲ့ နောက်မှ ထပ်ပေးတာတွေကိုလည်း မှတ်ထားနိုင်ပါတယ်
လုပ်ငန်းမှာ သုံးတဲ့ ငွေစာရင်းတွေကို သီးခြားမှတ်ထားပြီး တစ်ခုချင်းစီရဲ့ လက်ကျန်ကို ကြည့်နိုင်ပါတယ် စာရင်းတစ်ခုကနေ တစ်ခုကို ငွေလွှဲထားတာလည်း မှတ်တမ်းတင်နိုင်ပါတယ်
ရရှိပြီးတဲ့ငွေနဲ့ ပေးချေပြီးတဲ့ငွေကို ရက်အလိုက်၊ အမျိုးအစားအလိုက် Report တွေမှာ ပြန်ကြည့်နိုင်ပါတယ် Excel ဖိုင်အဖြစ် ထုတ်ယူပြီး စာရင်းပြန်စစ်တာ၊ မျှဝေတာတွေ လုပ်နိုင်ပါတယ်
ကိုယ့်လုပ်ငန်းနဲ့ သင့်တော်လား
စိတ်ချလက်ချ အသုံးပြုဖို့
ငွေစာရင်းတစ်ခုရဲ့ အချက်အလက်၊ ပေးချေထားတဲ့ငွေနဲ့ အထောက်အထားတွေကို ပြန်ကြည့်နိုင်ပါတယ် ပြင်ဆင်ထားတဲ့မှတ်တမ်းတွေလည်း ရှိလို့ ဘာတွေပြောင်းထားလဲဆိုတာ ပြန်စစ်နိုင်ပါတယ်
သိချင်တာလေးတွေ
ရပါတယ် ရထားတဲ့ငွေ၊ ပေးထားတဲ့ငွေနဲ့ ကျန်ငွေကို ခွဲမှတ်နိုင်ပါတယ် နောက်တစ်ကြိမ် ငွေပေးချေတဲ့အခါလည်း ထပ်မှတ်ထားနိုင်ပါတယ်
ဒီမှာ ဘဏ်စာရင်းဆိုတာ ကိုယ့်လုပ်ငန်းရဲ့ ဘဏ်ထဲက ငွေဝင်ငွေထွက်ကို Software ထဲမှာ မှတ်ထားတဲ့စာရင်းပါ ဘဏ်ကနေ အချက်အလက်တွေ အလိုအလျောက် ရယူတာမဟုတ်ပါဘူး
ရွေးထားတဲ့ကာလအတွင်း ရရှိပြီးတဲ့ငွေနဲ့ ပေးချေပြီးတဲ့ငွေကို ကြည့်နိုင်ပါတယ် မပေးချေရသေးတဲ့ငွေတွေကို ရရန်၊ ပေးရန်စာရင်းမှာ သီးခြားကြည့်နိုင်ပါတယ်
ရပါတယ် စာရင်းတွေကို Excel ဖိုင်အဖြစ် ထုတ်ယူပြီး ပြန်စစ်နိုင်သလို လိုအပ်တဲ့သူနဲ့ မျှဝေနိုင်ပါတယ်
ကိုယ့်လုပ်ငန်းမှာ ငွေစာရင်းတွေကို ဘယ်လိုစီမံလို့ရမလဲ သိချင်ရင် စကားပြောကြည့်ရအောင်
ကိုယ့်လုပ်ငန်းအတွက် မေးမြန်းမယ်