Accounting feature
Financial Reports
ကာလအလိုက် တကယ်ရထားတဲ့ ဝင်ငွေနဲ့ ပေးပြီးသား အသုံးစရိတ်ကို နှိုင်းကြည့်နိုင်မယ်

01 / The feature
ဘာအတွက် သုံးတာလဲ
အရောင်းစာရင်းတင်ထားတဲ့ ပမာဏနဲ့ တကယ်လက်ခံရရှိတဲ့ငွေက ကွာနိုင်တယ် Financial Reports က Payment ကို အခြေခံပြီး ကာလအလိုက် ငွေဝင်၊ ငွေထွက်နဲ့ ကွာခြားချက်ကို စုပြပေးတာပါ တကယ်ပေးချေထားတဲ့ ပမာဏတွေကို နေ့အလိုက်နဲ့ Category အလိုက် ကြည့်နိုင်လို့ ငွေလှုပ်ရှားမှုကို ပိုနားလည်နိုင်တယ်
02 / How it works
ဘယ်လို အလုပ်လုပ်လဲ
ကြည့်ချင်တဲ့ ကာလကို ရွေးပြီး အဲဒီကာလမှာ တကယ်ရရှိတဲ့ငွေ၊ ပေးချေတဲ့ငွေနဲ့ Net ကို ကြည့်နိုင်တယ် နေ့အလိုက်နဲ့ Category အလိုက် ခွဲကြည့်ပြီး သက်ဆိုင်တဲ့ Payment တွေထိ ဆက်ကြည့်နိုင်တယ် Report က Payment ရက်စွဲကို အခြေခံပြီး မပေးရသေးတဲ့ အပိုင်းကို ငွေဝင်ငွေထွက်ထဲ မထည့်ဘူး ကိုယ့် Account အချင်းချင်း Transfer နဲ့ Opening Balance ကိုလည်း အရောင်းဝင်ငွေ ဒါမှမဟုတ် အသုံးစရိတ်အဖြစ် မတွက်ဘူး
03 / Your benefit
ကိုယ့်လုပ်ငန်းအတွက် ဘာကူညီပေးလဲ
ငွေဘယ်လောက် ဝင်လာပြီး ဘယ်အတွက် ထွက်သွားလဲဆိုတာ ပိုနားလည်နိုင်မယ် Category အလိုက် ပြန်ကြည့်နိုင်လို့ စရိတ်များတဲ့ အပိုင်းကို ရွေးစစ်ဖို့ အထောက်အကူ ရမယ် ကာလတစ်ခုချင်းကို နှိုင်းကြည့်ပြီး နောက်ကာလအတွက် ငွေစီစဉ်ရာမှာ တကယ်ဖြစ်ခဲ့တဲ့ Payment တွေကို အခြေခံနိုင်တယ်
04 / A business example
လက်တွေ့မှာ ဒီလို အသုံးဝင်တယ်
ဒီလမှာ Delivery အတွက် ငွေထွက် ပိုများနေတယ်လို့ စဉ်းစားကြည့်ပါ ဒီလနဲ့ အရင်လကို သီးခြားရွေးကြည့်ပြီး ပေးချေပြီးတဲ့ Delivery စရိတ်ကို နှိုင်းနိုင်တယ် သက်ဆိုင်တဲ့ Category ကနေ Payment တွေထိ ဆက်ကြည့်ပြီး ဘယ် Record တွေ ပါလဲ စစ်နိုင်တယ် မပေးရသေးတဲ့ Delivery စရိတ်ရှိရင်တော့ အဲဒီပမာဏကို Outstanding မှာ သီးခြားကြည့်ရမယ်
05 / Owner control
သိထားဖို့နဲ့ ကိုယ်တိုင် ထိန်းထားဖို့
ဒီ Report က ငွေလက်ခံနဲ့ ပေးချေမှုအခြေခံ ဖြစ်တယ် Net ကို စာရင်းကိုင်အမြတ် ဒါမှမဟုတ် Tax Report အဖြစ် မယူဆသင့်ဘူး မရသေးတဲ့ငွေနဲ့ မပေးရသေးတဲ့ငွေကို Outstanding မှာ သီးခြားကြည့်ရမယ် Payment ရက်စွဲ ဒါမှမဟုတ် Category မှားထားရင် Report ရဲ့ ကာလနဲ့ အမျိုးအစားခွဲမှုလည်း မှားနိုင်လို့ မူရင်း Record ကို ပြန်စစ်ဖို့ လိုတယ်