Skip to content

AI Sales Agent feature

Connected Sales Channels

Messenger နဲ့ Telegram မှာလာတဲ့ Customer စကားဝိုင်းတွေကို AI နဲ့ ဖြေနိုင်မယ်

Product ကို ပြန်ကြည့်မယ် ←

ဘာအတွက် သုံးတာလဲ

Customer တွေက ကိုယ့်ဆိုင်ကို Messenger ဒါမှမဟုတ် Telegram ကနေ ဆက်သွယ်နေတတ်တယ် Connected Sales Channels က အဲဒီ Supported Channel တွေနဲ့ ဆိုင်ကို ချိတ်ပြီး AI Sales Agent အသုံးပြုနိုင်တာပါ Customer ကို Website အသစ်တစ်ခုဆီ သွားခိုင်းစရာ မလိုဘဲ သူတို့စကားပြောနေတဲ့ နေရာမှာ ဆက်ကူညီနိုင်တယ်

ဘယ်လို အလုပ်လုပ်လဲ

ဆိုင်ရဲ့ Messenger ဒါမှမဟုတ် Telegram ကို သက်ဆိုင်တဲ့ ခွင့်ပြုချက်တွေနဲ့ ချိတ်ဆက်ရမယ် ချိတ်ပြီး AI ကို ဖွင့်ထားရင် အဲဒီ Channel ကလာတဲ့ စာတွေကို စကားဝိုင်းထဲမှာ ကိုင်တွယ်နိုင်တယ် ဆိုင်ရဲ့ Knowledge၊ Catalog နဲ့ Persona ကို အခြေခံပြီး Customer မေးခွန်းကို ကူညီဖြေနိုင်တယ် ကိုယ်တိုင် ဝင်ဖြေဖို့ လိုလာရင် သက်ဆိုင်တဲ့ Conversation မှာ AI ကို Pause လုပ်နိုင်တယ်

ကိုယ့်လုပ်ငန်းအတွက် ဘာကူညီပေးလဲ

Customer ကို နေရာအသစ်ပြောင်းခိုင်းစရာ မလိုဘဲ သူတို့ဆက်သွယ်နေတဲ့ Channel မှာ ဆက်ပြောနိုင်မယ် ဆိုင်ဘက်ကလည်း ဝင်လာတဲ့ စကားဝိုင်းကို ကြည့်ပြီး လိုအပ်တဲ့အချိန်မှာ ဆက်ကိုင်တွယ်နိုင်တယ် ဆိုင်ရှင် အနားယူနေချိန်မှာ ပုံမှန်ပစ္စည်းနဲ့ ဝန်ဆောင်မှုမေးခွန်းတွေကို AI က ဆက်ကူညီပေးနိုင်တယ်

လက်တွေ့မှာ ဒီလို အသုံးဝင်တယ်

Customer က ဆိုင်ရဲ့ Facebook Page ကို တွေ့ပြီး Messenger မှာ ပစ္စည်းလာမေးတယ်လို့ စဉ်းစားကြည့်ပါ Channel ချိတ်ပြီး AI ဖွင့်ထားရင် Messenger ပေါ်မှာပဲ ဆိုင်အချက်အလက်နဲ့ Catalog ထဲက ပစ္စည်းတွေကို ရှင်းပြနိုင်တယ် Customer က ဝယ်ချင်တယ်ဆိုရင် လိုအပ်တဲ့ Order အချက်တွေကို ဆက်စုနိုင်တယ် အထူးတောင်းဆိုချက် ရှိလာရင် ဆိုင်ဘက်က အဲဒီစကားဝိုင်းကို ကိုယ်တိုင် ဆက်ယူနိုင်တယ်

သိထားဖို့နဲ့ ကိုယ်တိုင် ထိန်းထားဖို့

Channel ချိတ်ဆက်မှု၊ Provider ခွင့်ပြုချက်နဲ့ AI အသုံးပြုနိုင်မှုတို့ ရှိဖို့ လိုတယ် ချိတ်ဆက်မှု ပြတ်နေတာ ဒါမှမဟုတ် ခွင့်ပြုချက် မပြည့်တာရှိရင် ဆိုင်ဘက်က ပြန်စစ်ဖို့ လိုနိုင်တယ် Channel တစ်ခုချင်းရဲ့ စာပို့ခွင့်စည်းကမ်းတွေကိုလည်း လိုက်နာရမယ် Viber Inbox ရှိတာက Viber မှာ AI Reply ရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး လက်ရှိ AI Reply ကို Messenger နဲ့ Telegram အတွက် ရှင်းပြထားတာပါ

အသုံးပြုနည်း Guide ကို ဖတ်မယ် →