အဓိကအကြောင်းအရာသို့ သွားမယ်

AI အရောင်းဝန်ထမ်း ပြင်ဆင်ခြင်း

AI ဖွင့်ပြီး Persona ရွေးနည်း

AI အရောင်းဝန်ထမ်းက ဖောက်သည်ကို ဘယ်လို ပြောဆိုမလဲဆိုတာ Persona နဲ့ သတ်မှတ်နိုင်ပါတယ် Channel ချိတ်ဆက်ပြီးရင် AI replies ကို ဖွင့်ပြီး ဆိုင်နဲ့ ကိုက်ညီတဲ့ Persona ကို ရွေးပါ

နမူနာမှာ AI ဖွင့်တာ၊ Fashion Seller ရွေးတာနဲ့ Saved. ပြတဲ့အထိ ကြည့်နိုင်ပါတယ် ဒီ Demo က ဆိုင်ရဲ့ AI setting အစစ်ကို ပြောင်းထားခြင်း မရှိပါဘူး

မစခင် ပြင်ဆင်ထားပါ

Channel မချိတ်ဆက်ရသေးရင် Enable AI replies ကို ဖွင့်လို့ မရပါဘူး Connect Telegram or Messenger to enable ကို နှိပ်ပြီး Channel အရင်ချိတ်ဆက်ပါ

AI replies ကို ဖွင့်ပါ

  1. Sidebar က Sale Agent ကို ဖွင့်ပါ
  2. စာမျက်နှာအပေါ်က Enable AI replies ကို ဖွင့်ပါ
Channel ချိတ်ဆက်ပြီးရင် Enable AI replies ကို ဖွင့်ပါအသေးစိတ်ကြည့်ဖို့ Screenshot ကို ရွှေ့ကြည့်ပါ

Persona ရွေးပါ

Friendly Seller က ရင်းရင်းနှီးနှီး ပြောဆိုဖို့၊ Professional Seller က ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ပြောဆိုဖို့၊ Fashion Seller က အဝတ်အစားနဲ့ တွဲဖက်ဝတ်ဆင်ပုံတွေ အကြံပေးဖို့၊ Technical Seller က ပစ္စည်းရဲ့ အသေးစိတ်အချက်အလက်တွေကို ဦးစားပေး ပြောဆိုဖို့ သုံးနိုင်ပါတယ်

  1. Behaviour ထဲက Persona ကို ကြည့်ပါ
  2. ဆိုင်နဲ့ ကိုက်ညီတဲ့ Persona ကို ရွေးပါ ဒီနမူနာမှာ Fashion Seller ကို ရွေးထားပါတယ်
ရွေးထားတဲ့ Persona မှာ အမှန်ခြစ် ပေါ်လာပါမယ်အသေးစိတ်ကြည့်ဖို့ Screenshot ကို ရွှေ့ကြည့်ပါ

ပြောင်းထားတာကို သိမ်းပါ

  1. AI replies ဖွင့်ထားတာနဲ့ Persona ရွေးထားတာကို ပြန်စစ်ပါ
  2. စာမျက်နှာအောက်က Save changes ကို နှိပ်ပါ
AI setting တွေကို သိမ်းဖို့ Save changes ကို နှိပ်ပါအသေးစိတ်ကြည့်ဖို့ Screenshot ကို ရွှေ့ကြည့်ပါ

သိမ်းပြီးကြောင်း စစ်ပါ

Persona က ပြောဆိုပုံကို သတ်မှတ်တာပါ ဆိုင်ရဲ့ ဝန်ဆောင်မှုနဲ့ စည်းကမ်းအချက်အလက်တွေကို နောက်လမ်းညွှန်မှာ Knowledge ထဲ ဖြည့်ပေးနိုင်ပါတယ်

  1. Save changes ဘေးမှာ Saved. ပြထားတာ စစ်ပါ
Saved. ပြလာရင် setting တွေကို သိမ်းပြီးပါပြီ ဒီပုံက နမူနာသိမ်းပြီးတဲ့ အခြေအနေပါအသေးစိတ်ကြည့်ဖို့ Screenshot ကို ရွှေ့ကြည့်ပါ