Order များ စီမံခြင်း
Order ပို့ဆောင်မှု စီမံနည်း
Order ကို ထုပ်ပိုးပြီးတဲ့အချိန်၊ ပို့နေတဲ့အချိန်နဲ့ ဝယ်သူဆီ ရောက်တဲ့အချိန်မှာ Status ပြောင်းထားပါ ဒါဆို ဆိုင်ဝန်ထမ်းတွေက Order တစ်ခုချင်းစီ ဘယ်အဆင့်ရောက်နေပြီလဲ ကြည့်နိုင်ပါတယ်
မစခင် Order ကို စစ်ပါ
ဒီလမ်းညွှန်က ငွေလက်ခံပြီး အတည်ပြုထားတဲ့ Order ကနေ စပါတယ် ငွေလက်ခံထားကြောင်း မသေချာဘဲ Payment confirmed မသတ်မှတ်ပါနဲ့ Placed နဲ့ Payment pending ဖြစ်နေတဲ့ ဒီလို Order တွေမှာ ပို့ဆောင်မှု Status တွေကို ရွေးလို့ မရသေးပါဘူး
- Sidebar က Orders ကို ဖွင့်ပါ
- Order ရဲ့ ⋮ Menu က View နဲ့ အသေးစိတ်ကို ဖွင့်ပါ
- Status က Payment confirmed ဖြစ်တာ စစ်ပါ
ထုပ်ပိုးပြီးကြောင်း သတ်မှတ်ပါ
- ပစ္စည်း ထုပ်ပိုးပြီးတဲ့အခါ အပေါ်က Status Menu ကို ဖွင့်ပါ
- Packed ကို ရွေးပြီး Status ပြောင်းသွားတာ စစ်ပါ
ပို့နေကြောင်း သတ်မှတ်ပါ
- ပစ္စည်း စပို့တဲ့အခါ Status Menu ကို ဖွင့်ပါ
- Delivering ကို ရွေးပြီး Status ပြောင်းသွားတာ စစ်ပါ
ပို့ရောက်ကြောင်း သတ်မှတ်ပါ
Delivered က ပို့ရောက်ပြီးကြောင်း မှတ်တမ်းပါ ပို့နေဆဲ Order ကို ဒီအဆင့် မပြောင်းပါနဲ့ Cancellation request ဖွင့်ထားရင် အဲဒီကိစ္စကို အရင် ဖြေရှင်းရပါမယ်
- ဝယ်သူဆီ ပစ္စည်း ရောက်ပြီးကြောင်း အတည်ပြုပါ
- Status Menu က Delivered ကို ရွေးပါ
နောက်ဆုံး Status စစ်ပါ
- Status က Delivered လို့ ပြောင်းသွားတာ စစ်ပါ